ဂီတမိတ်ဆွေများခင်ဗျား

ကျနော်ဒီဘလော့ဂ်လေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ Myanmar Midi File များကို ဒီဘလော့ဂ်မှာ စုစည်းပြီး၊ Keyboard တီးခတ်သူ ၀ါသနာရှင်များအချင်းချင်း မျှဝေပေးလိုတဲ့ တနာက အဓိကပါ။ ဒီလိုမြန်မာ Midi ဖိုင်တွေကို အင်တာနက်ပေါ်ကနေ ရနိုင်မလားဆိုပြီး၊ လိုက်ရှာခဲ့ပေမဲ့ မြန်မာသီချင်း MP3 File တွေ ထာင်သောင်းမက internet ပေါ်မှာရှာဖွေတွေ့ရှိနိုင်သော်လည်း Midi File ပုံစံမျိုး ကို တော့ တွေ့ရန် ခဲယဉ်းပါတယ်။ ဒီဘလော့ဂ်ပ်ါကို အလည် အပတ် ရာက်ရှိလာတဲ့ မိတ်ဆွေမှန်သမျှ၊ ဂီတကို မြတ်နိုးတဲ့သူ တွေလို့ ကျနော်အကြွင်းမဲ့ ယုံကြည်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လဲ ပုံစံ အမျိုးမျိုးတော့ ကွဲပြားနိုင်ပါတယ်။ ဥပမာ ဂစ်တာတီးသူ၊ ကီးဘုတ် တီးသူ၊ အဆိုသမား၊ နားထောင်ရုံသက်သက် စသည်ဖြင့်...ပေါ့လေ။ ဘယ်လိုဘဲဖြစ်ဖြစ်……သံစဉ်တွေကို မြတ်နိုးသူအားလုံးအတွက်ကြားဘူး သမျှတွေထဲက ကျနော်နှစ်သက်စွဲလမ်းခဲ့ရတဲ့ သီချင်းတစ်ချို့ကို ပိုင်ဆိုင်တဲ့ တူရိယာ တစ်စုံ အားကိုးနဲ့ တင်ဆက်ပေးထားပါတယ်။ တစ်ချို့ Midi
တွေမှာ solo တွေ၊ verse တွေအပြင် melody ပါ အပြည့်တီးထားသလို တစ်ချို့ Midi များကတော့ Backing Track ပုံစံမျိုးနဲ့ဘဲ တီးထားတာဖြစ်ပါတယ်။ keyboard တီးခတ်သူ ၀ါသနာရှင်များအတွက် ဒီဘလော့ဂ်မှာ တင်ပေးထားတဲ့ Midi File များကို ဒေါင်းပြီး မိမိကီးဘုတ်မှာ ကိုယ်မကြိုက်တဲ့ track တွေ ပိတ်ပြီး အဆင်ပြေသလို တီးခတ်နိုင်ပါတယ်။ တစ်ချို့သီချင်းများမှာလည်း ဂစ်တာ သမားများအတွက် solo line များကို ချန်ထားပေးတာလဲ ရှိပါတယ်။ အချို့ အဆိုဝါသနာရှင်တွေ အတွက်တော့ Backing Track ပုံစံမျိုးနဲ့ဘဲတီးထား တဲ့ Midi ကိုဖွင့်ပြီး သီချင်းဆိုတဲ့အခါ တစ်ခုခုလိုအပ်နေသလို ခံစားရ ပါလိမ့်မယ်။ ဒီအတွက်တော့ ခွင့်လွှတ်ပေးစေချင်ပါတယ်။ ကျွန်တော့် အနေနဲတစ်ခုဝန်ခံချင်တာကတော့ ဒီဘလော့ဂ်မှာ ကိုယ်ပိုင် သံစဉ်များ သာမက ကော်ပီသံစဉ်များကိုလည်း အခါအားလျော်စွာ တင်ဆက်ပေး ထားတာကို တွေရပါလိမ့်မယ်။ ကျွန်တော့် အခက်အခဲက တစ်ချို့ကော်ပီ သီချင်းတွေအတွက် Notes ရှိတာကြောင့် မြန်မာတွေ ပြန်ဆို ထားတဲ့က်ာပီမူရင်းသီချင်းကို အင်တာနက်ပေါ်ကနေ ဒေါင်းပြီး Bass နဲ Drum ကျောရိုးတွေကိုယူ၊ ပြီးတော့မှ Keyboard နဲ့ Backing တွေကို ကာလာခပ်ဖျော့ဖျော့လေး လိုက်တီးပြီး ကွန်ပျူတာနဲ့ ပြန်ပေါင်းထား တဲ့ midi file တွေလည်း တင်ပေးထားပါတယ်။ တစ်ချို့ဖိုင်တွေကလည်း English Midi တွေကို ဒေါင်းပြီး ခပ်တည်တည် နဲ့ မြန်မာသီချင်းခါင်းစဉ်ပြောင်းတပ်ပေးထားတာ ဖြစ်တဲ့အတွက် နားထောင်လို့ သိတ်ကောင်းနေရင် ရမ်းပြီး အထင် မကြီးပါနဲ့လို့မှာပါရစေခင်ဗျာ။ တစ်ချို့ဝါသနာရှင်များ ပေးပို့လှူဒါန်းလာတဲ့ မီဒီဖိုင်တွေကိုလည်းကျနော် ဒီဘလော့ဂ်ပေါ်မှာ တင်ပေးပါ့မယ်။ ပေးပို့ လှါန်းချင်တယ်ဆိုရင်တာ့ myanmarmidi@gmail.com ကို ပေးပို နိုင်ပါတယ်။ Pro မဟုတ်တဲ့ ကျနော့်ရဲ့ Midi File တွေကို download လုပ်ချင်ရင်တော့ပးထားတဲ့ သီချင်းခေါင်းစဉ်ကို click လုပ်ပြီး ဒေါင်း နိုင် ပါတယ်။ MP3 Backing File တွေကိုလည်း click လုပ်ပြီး နားဆင်နိုင်ပါတယ်။ ...........ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း ……………..

Friday, October 12, 2012

ကျော်ဟိန်း



Midi File



MP3 File
  1. ကမ္ဘာသစ်တေး
  2. ကိုယ်တွေ့မှတ်တမ်း
  3. မြင်သောငိုသောမျက်လုံးများ
  4. မိဆိုး
  5. အချစ်ခေါ်သံ
  6. အဓိပ္ပါယ်ရှိသောလူ

8 comments:

  1. ကျော်ဟိန်းသီချင်းတွေကြိုက်တယ်

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ဤကဏ္ဍအောက်ရှိ မီဒီများကို စိတ်ကြိုက် download လုပ်နိုင်ပါသည်။ download link များ ပျက်နေပါက လည်းကောင်း၊ midi များကို ဖွင့်မရပါက လည်းကောင်း အကြံပြုရေးသားပေးခဲ့ပါ ခင်ဗျာ........မိမိပိုင်ဆိုင်သမျှ လှူဒါန်းထားခြင်းဖြစ်၍ quality မကောင်းပါကလည်း ခွင့်လွှတ် နားထောင်ပေးပါရန် ..........မေတ္တာရပ်ခံလျက်။

    ReplyDelete
  4. download link များ ပျက်နေပါသည်...ကူညီကြပါ...

    ReplyDelete
  5. all above MIDI link are dead.

    ReplyDelete
  6. can't download, something not right

    ReplyDelete